ကြိုးစားရေးပါအုံးမယ်။
Saturday, July 11, 2009
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကြိုးစားရေးပါအုံးမယ်။
Sunday, May 17, 2009
ကျေးဇူးအထူးတင်ရှိပါတယ်။
သားသားလေးအတွက် မွေးနေ့ဆုတောင်းပေးတဲ့ ဦးဦး တီတီ မမ ကိုကိုတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ပေးတဲ့ဆုနဲ့လည်းပြည့်ပါစေ။ဦးဦး တီတီ မမ ကိုကိုတို့အားလုံးလည်း ကျန်းမာရွှင်လန်းပြီး အောင်မြင်မှုတွေပိုင်ဆိုင်ပါ စေလို့ သားသားကဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဝေယံထွန်းလင်း (မိန်းမိန်း)
Saturday, May 16, 2009
သားသား ဝေယံထွန်းလင်း တစ်နှစ်တင်းတင်းပြည့်ပြီ။

ကျွန်တော့်သားဝေယံထွန်းလင်းရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာသူငယ်ချင်းတွေနဲ့ အမှတ်တရပုံလေးပါ။ပုံမှာ ကျွန်တော် သားက ဓါတ်ပုံရိုက်ပြီဆိုရင် လက်ညှိုးလေးကိုခေါင်းပေါ်မှာတင်ပြီ အိုက်တင်လေးလုပ်တတ်တယ်ဗျ။
Sunday, April 19, 2009
ပြန်ဖြေပေးလိုက်ပါတယ်။
ကိုမင်းဆွေခင်ဗျား
Start ကိုနှိပ်ပါ။ Search box မှာ cmd ကိုရိုက်ပါ Enter ခေါက်ပါ။
result list ထဲတွင် cmd ကို right-click နှိပ်ပါ ပြီးလျှင် Run as administrator click နှိပ်ပါ။
command prompt တွင် regedit.exe ကိုရိုက် Enter ခေါက်ပါ။ အဆင်မပြေလျှင် မေး(လ်)ပြန်ပို့ပေးပါ။
ကိုမင်း ခင်ဗျား အင်တာနက်ဒီတစ်လအတွင်းမှာ အသုံးပြုရတာလေးနေတယ်ဆိုရင် bagan က အင်တာနက် backbone cable တွေ ပြုပြင်နေလို့တာဖြစ်ပါတယ်။ ကျွန်တော်ဒီစာရေးနေတဲ့အချိန်မှာတော့ ပြန်ကောင်းနေပါပြီ။အားလုံးပြန်ကောင်းတဲ့အချိန်မှာ ကိုမင်းကွန်နက်ရှင်ကနှေးတုန်းပဲဆိုရင် router မသုံးပဲ Main cable ကိုတည့်ချိတ် ပြီးစမ်းကြည့်ပါအုံး အဆင်မပြေလျှင် မေး(လ်)ပြန်ပို့ပေါးပ၏
ကိုဇော်လေးခင်ဗျား အင်တာနက်မှာ ဗီဒီယိုကြည့်ရတာ အဆင်မပြေဆိုတာကတော့ ကွန်နက်ရှင်လိုင်းကြောင့်ဖြစ် မယ်ထင်ပါတယ်။ကျွန်တော်လည်း အင်တာနက်မှာ ဗီဒီယိုကြည့်ရတာ အဆင်မပြေတာကြာပေါ့။
ကိုသားငယ် proxy address ကို ဘယ်မှာရိုက်ချင်တာလဲခင်ဗျား IE ? firefox? ဆိုတာလား IE မှာဆိုရင်တော့ Tools ထဲက internet options ထဲက connection -- Lan setting ကိုရွေးပါ။ use proxy servery for you lan ကို အမှန်ခြစ်လုပ် ကိုသားငယ် proxy address ကိုရိုက်ထည့်နိုင်ပါသည်။
firefox တွင်တော့ Tools ထဲက Options Network ကိုရွေးပါ။ Connection တွင် Setting ကိုရွေးပါ။ proxy address ကိုရိုက်ထည့်လို့ရနိုင်ပါသည်။
ဖြေဆိုမှုနောက်ကျတဲ့အတွက် အားလုံးကို အနှုးအညွတ်တောင်းပန်ပါသည်။
အောင်မြင်ပါစေဗျား။
Thursday, March 19, 2009
View Hidden File Folder in Dos Mode
1. Start Menu --- Run
2. Type cmd ရိုက်ပါ။
3. Hidden လုပ်ထားသော ဖိုင်များ ဖိုဒါများရှိသော လမ်းကြောင်းကိုရောက်အောင်သွားပါ။
4. dir /ah ရိုက် Enter လုပ်ပါ။
ပျော်ရွှင်ပါစေ
Computer နှင့် Router တွင် Wi-Fi ပိတ်လို့ရပါသလား ?
အောင်မြင်ပါစေ။
Wednesday, March 18, 2009
How many computer can share the WiFi Network?
WiFi wireless access points/ routers များသည် devices 255 ခုချိတ်ဆက်မှုကိုလက်ခံနိုင်ပါသည်။ ပုံမှန်အားဖြင့် router များတွင် Ethernet wired 4 ကြိုးတပ်ဆင်အသုံးပြုနိုင်ပါသည်။သို့သောလည်းပဲ တခုတည်းသော WiFi access point တစ်ခုကိုdevices 255အသုံးပြုနိုင်ခြင်းသည်သီအိုရီအရသာဖြစ်ပါသည်။ လက်တွေ့တွင် ကျွန်တော်တို့အသုံးပြုသော Network ၏ Performance မှာနှေးကွေးလွန်းသည်။ထိုသို့မြောက် မြားစွာသော devices ကို အသုံးပြုလိုပါက ကျွန်တော်တို့အနေနှင့် မိမိအသုံးပြုလိုသော Devices အရေအတွက် နှင့် မိမိဆက်သွယ်ရေးလိုင်းအမြန်နှုန်းပေါ်မှုတည်တွက်ချက်ကာ တစ်ခုထက်ပိုသော access point (၀ါ) router များကိုထည့်သွင်းတည်ဆောက်ရပါမည်။
Use Kaspersky Product
ဗိုင်းရပ်(စ်)ပေးတဲ့ဒုက္ခ။
ပြဿနာက ဖိုင်တွေကို Rename(F2) လုပ်ပြီး နာမည်ပြောင်းရေး enter ခေါက်လိုက်တာနဲ့ If you change a file name extension, the file may become unusable. Are you sure you want to change it? လို့ပေါ် လာတယ် yes ကိုရွေးလိုက်ပြန်တော့လည်း ဖိုင် icon ပျောက်သွားတယ် ဖွင့်လို့လည်းမရတော့ပါ။ထူးခြားချက်မှာ ဖိုင်အမည်နှင့်တွဲလျက် my pic.jpg ဆိုပြီးတော့ extensionနဲ့ ဖိုဒါထဲမှာရှိတဲ့ဖိုင်အားလုံးဒီအတိုင်းပဲပြနေတယ်။
နောက်တစ်ခု Microsoft Word ကိုဖွင့်လိုက်တယ် စာရိုက်တယ် သိမ်းတဲ့အခါမှာ ဖိုင်နာမည်ပေးပြီးတာSave ကိုရွေးလိုက်တယ် သက်ဆိုင်ရာနေရာသိမ်းဆည်းဖို့ရွေးလိုက်တယ်။အဲဒီဖိုင်ကိုပြန်ဖွင်ဖို့သွားတော့ Test.doc ဆို ပြီး extension ကတွဲလျက်ပြပြန်တယ်။ဒါနဲ့ rename လုပ်မယ်ဆိုပြန်တော့လည်း ပထမအပိုဒ်မှာရေးထားသလိုပဲ Message box ကပြနေပြန်ရော ...
1.ဘယ်လိုရှင်းလိုက်သလဲဆိုတော့ Kaspersky Internet Security 9.0 ကို today update နဲ့ အကောင်တွေကို ရှင်းလိုက်တယ်။
2. Windows Key ကို E key နဲ့တွဲနှိပ်ပြီး (windows explorer) ကိုဖွင့်လိုက်တယ်။ Tools --- Options --- View Tab ကိုရွေးပါ။ အောက်ပုံကိုကြည့်ပါ။
3. Hide Extension for known file types ကို အမှန်ခြစ်ဖြုတ်လိုက်ပါ ပြီးလျှင် အိုကေပေါ့။
ကဲ ဖိုင်တွေကို rename လုပ်လို့ရပြီ ဖိုင်နဲ့ တွဲလျက် Extension တွေကိုဖော်ပြမှာမဟုတ်တော့ပါ။
မှတ်ချက် ။ ဗိုင်းရပ်(စ်)ကို ဦးစွာမရှင်းလင်းထားပါက စာဖတ်သူမည်သို့ပင် အမှန်ခြစ်ကိုဖြုတ်ခဲ့ပစေ ပြန်ဝင်လျှင် အမှန်ခြစ်ပြန်လုပ်ထားသည်ကိုတွေ့ပါလိမ့်မည်။
အညွှန်း ဗိုင်းရပ်(စ်)ပေးတဲ့ဒုက္ခ။
Saturday, March 7, 2009
Maxthon Browser အကြောင်း။
ဒေါင်းလုဒ် ဆွဲချပြီး Run ပါ။ စဖွင့်လိုက်ပြီးဆိုတာနဲ့ Start without Account [ Shared settings နှင့် Data Storage ကိုသာအသုံးပြုနိုင်သည် Web Services အသုံးမပြုနိုင်ပါ။] Start with Personal Account [online favorite များကို မှတ်သားနိုင်သည် ပြင်ဆင်ထည့်သွင်းနိုင်သည်။ ထိုအချက်အလက်များကို ပျောက်ဆုံးမှုမရှိစေ ရန် ထိန်းသိမ်းပေးပါသည်။] ကျွန်တော်ကတော့ ဒုတိယ option ကိုရွေးလိုက်ပါသည်။ ပြီးနောက် Create Account ကို ရွေးချယ်ပါ လိုအပ်သည့်အချက်အလက်များကိုဖြည့်စွက်ပြီးပါက Maxthon Browser ကိုစတင်ဝင် ရောက်အသုံးပြု နိုင်ပြီးဖြစ်ပါသည်။အောက်ပါပုံကိုကြည့်ပါ။[ပုံတွင် ကလစ်နှိပ် ချဲ့ကြည့်နိုင်ပါသည်။]

- ထူးခြားချက်မှာ Maxthon Browser ရဲ့ Favorites Menu အောက်မှာ ကျွန်တော် IE မှ Favorites လုပ်ခဲ့တဲ့ sites path တွေသူ့အလိုလို ရောက်ရှိနေပါတယ်။
- New Tab ကိုခေါ်မယ်ဆိုရင် Firefox Style Ctrl+T ကိုသုံးနိုင်ပါသည်။
- ရှေ့ဆုံးက အ၀ါရောက်အသည်းပုံလေးရှိတဲ့ Bar ကတော့ Hot Link Bar လို့ခေါ်ပါတယ်။ ဒီဘားကတော့ ကျွန်တော်တို့ အသွားများ အကြည့်များတဲ့ site path တွေကိုဖော်ပြထားပါတယ်။
- Hot Link bar ညာဘက်အစွန်ဆုံးမှာ Green Cross အပေါင်း လက္ခဏာလေးနှင့် Addition ကို ကလစ်နှိပ်ပါ။ လိုအပ်သော Add on များကို ထပ်မံထည့်သွင်းနိုင်ပါသည်။
- ရှေ့ဆုံးမှာ ကြယ်ပုံစံလေးနဲ့ အခေါ် side bar ညာဘက်အစွန်ဆုံးမှာ အပေါင်းလက္ခဏာလေးမှာ Point ထောက် ကြည့်ပါ Lift Click ဆို New Tab Right Click ဆို Right Click ဆိုရင် New Tab Clipboard ကတော့ Maxthon Home Page ကိုဖွင့်ပေးမှာဖြစ်ပါတယ်။
- View Menu ထဲမှ Interface Style ကိုဝင်ကြည့်ပါ။
- http://addons.maxthon.com/en_US [Maxthon Browser ကိုထပ်မံချဲ့ထွင်လုပ်ဆောက်နိုင်ပါသည်။]
-ကျွန်တော်အကြိုက်ဆုံးမှာ Address ရိုက်သည့်ဘောက်ဘယ်ဘက်ကပ်လျက်နားတွင် Splite View လေးကို နှိပ် ပြီး Web Site နှစ်ခုကို ဘေးချင်းယှဉ်ထားပြီး ကြည့်ရှုနိုင်ခြင်းဖြစ်သည်။ ပုံကိုအောက်တွင်ကြည့်နိုင်ပါသည်။
[ပုံတွင် ကလစ်နှိပ် ချဲ့ကြည့်နိုင်ပါသည်။]

- File Menu ထဲမှာ Capture Current Web Page ကိုရွေးပြီး အထက်ပါပုံများကို သိမ်းဆည်းပြီး ပြန်လည်ထည့်သွင်းဖော်ပြထားပါသည်။
- File Menu Lock Maxthon ကိုရွေးပါ။လက်ရှိ ကြည့်နေသောသော Web Site browser ကို ယာယီ Password ဖြင့် ကာ ကွယ်ပေးပါသည်။
- Group Menu တွင် မိမိကြည့်နေသော ဆိုက်များကို Group Name ပေးပြီး စုစည်းထားပေးနိုင်သည်။
စာဖတ်သူအနေနှင့်ကိုယ်တိုင်ဆက်လက်လေ့လာကြည့်စေလိုပါသည်။Maxthon Browser ကိုထွက်လိုက်ကြရ အောင်။ Erase All History Now ကို အမှန်ခြစ်ရွေးပြီး အိုကေနှိပ်ပါ။ စာဖတ်သူဝင်ကြည့်ခဲ့သော လမ်းကြောင်းများနှင့်သက်ဆိုင်ရာ အချက်အလက်များ အားလုံးကိုဖျက်ပေးပါလိမ့်မည်။
[ပုံတွင် ကလစ်နှိပ် ချဲ့ကြည့်နိုင်ပါသည်။]

နည်းပညာတိုင်းတွင် ကောင်းခြင်းဆိုးခြင်း အားသာချက်အားနည်းချက်ဆိုတာရှိပါသည်။စာဖတ်သူတို့အား စမ်းသပ်သုံးစွဲစေလိုသော စေတနာဖြင့် ရေးသားလိုက်ပါသည်။
အောင်မြင်ပါစေကြောင်း ...
အညွှန်း Maxthon Browser
Wednesday, February 25, 2009
အသုံးဝင်သော Systeminternals exe များ။
အောက်ကလင့်အတိုင်းသွားလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်အပေါ်နားက To Parent Directory ကို Click လုပ်ပါ။

စာဖတ်သူအနေနှင့်ရွေးချယ်စမ်းသပ်နိုင်ပါသည်။ ကျွန်တော်သည်လည်း စမ်းသပ်ဆဲသာ ........
ပညာရည်ပြည့်ဝကြပါစေ။
အညွှန်း Systeminternals exe
သင့် Drive ကိုလွယ်ကူမြန်ဆန်စွာ ရှင်းလင်းရအောင်။
Notepad ကိုဖွင့် အောက်ကစာကြောင်းလေးတွေကိုကူးထည့် .bat နဲ့ Desktop မှာသိမ်းပြီး double click နှိပ် run ကြည့်ပါ။
c:\windows\system32\cleanmgr.exe /dc /sageset: 1
c:\windows\system32\cleanmgr.exe /dc /sagerun: 1
c:
cd \
cd c:\windows\prefetch
del *.* /q
အညွှန်း clean up files
Wednesday, February 18, 2009
Analyce the Disk Defrag
Command line ကနေ Disk Defrag လုပ်ဖို့လိုမလို သိလိုလျှင် ---
အညွှန်း Analyce the Disk Defrag
Shortcut to disconnect Dial-up
၁. Desktop မှာ right click နှိပ်ပါ။
၂. New ထဲက Shortcut ကိုရွေးပါ။
၃. (Type the location of item)Box မှာ C:\WINDOWS\system32\rasdial.exe /disconnect ကိုရိုက်ပါ။
၎. ကြိုက်နှစ်သက်ရာအမည်ကိုပေးပြီး Finish ကိုရွေးပါ။
မှတ်ချက် - icon ကိုချိန်းလိုပါက desktop icon တွင် rclick နှိပ် properties ကိုရွေးပါ။ Change icon ကိုနှိပ်ပါ။ ကြိုက်နှစ်သက်ရာ icon ပုံကိုရွေးပါ။
Keyboard မှ shortcut ကို အသုံးပြုလိုပါက con တွင် rclick နှိပ် properties ကိုရွေးပါ။ Short key field တွင် keyboard မှ up or down arrow key ကိုနှိပ်ပါ။ ကြိုက်နှစ်သက် ကီးအတွဲကိုရွေးပြီးပါက အိုကေ ကိုရွေးချယ်ပါ။



