ပြန်စဉ်းစားကြည့်ရင် ဘလော့(ဂ်) မရေးဖြစ်တာ ၃လပိုင်းအကုန်ကနေစရင် အခုထိဆိုရင်၎လလောက်ရှိရောပေါ့။ ဘာကြောင့်လဲဆိုရင် အင်တာနက်လိုင်းကမကောင်း အလုပ်ကိစ္စကမအား နောက်တစ်ခု မျိုးဆက်သစ်ကို ပြုစု စောက်ရှောက်နေရတယ် (ကျွန်တော့်သားပါ) မီးကမလာ လာတဲ့အချိန် လိုင်းကမကောင်းနဲ့ ၀ိုင်းကြီးပတ်ပတ် ဒူဝေ ဝေဖြစ်နေတာပေါ့။ အဲဒီလိုနဲ့ တဖြည်းဖြည်းရေးချင်စိတ်ပါပျောက်သွားတယ်ဆိုပါတော့။ သို့သော်လည်းပဲ ဒီလောက်အချိန်ကြာ အသစ်သစ်တွေမရှိတော့ပေမဲ့ ၀င်ကြည့်ဝင်ဖတ်တဲ့သူတွေရှိနေသေးတာသိရတဲ့အတွက် ပျော်ရွှင်မှုကိုခံစားမိပါတယ် နောက်တစ်ခု မေး(လ်)ကနေတစ်မျိုး Commet box ကတစ်ဖုံ အမျိုးမျိုးသော မေးမြန်းမှုတွေကို အချိန်မီ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ရတဲ့အတွက် ကျွန်တော် အနှုးအညွတ် တောင်းပန်ပါတယ် စိတ်မကောင်း ဖြစ်ရပါတယ်။စာဖတ်သူတွေကြောင့် ဆက်လက်ရေးသားဖို့ ကျွန်တော့် ကိုအင်အားအများကြီး ဖြစ်စေပါတယ်။စာဖတ်သူအားလုံးကို အစဉ်လေးစား ကျေးဇူးတင်ပါသည်။
ကြိုးစားရေးပါအုံးမယ်။
ကြိုးစားရေးပါအုံးမယ်။

3 comments:
အလုပ်နဲ့သက်သေပြပါ။
အကိုရေ ကွန်ပျူတာ မှာ virus ကိုက်နေတယ်ထင်တယ်
task manager ,view hidden file,regedit key စတာတွေကို ခေါ်လို့မရဘူးဖြစ်နေတယ်။ဘယ်လိုလုပ်နိုင်မလဲဆိုတာအကိုသိရင်ပြောပြပေးပါအုံးဗျာ။ကျေးဇူးတင်ပါတယ်
ကျွန်တော့ မေးလ်ကတော့(notsynthetics@gmail.com) ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အလုပ်နဲ့ သက်သေပြမှာပါ။
Post a Comment